A Travel to Shan (North) 2 (နောင်ချို camping experiences)

အားလုံးဘဲမင်္ဂလာပါ...

မြန်မာ့ခရီးသွားကွန်ယက်ရဲ့ ဒုတိယမြောက် article အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့လေးကို camping သွားဖြစ်ခဲ့စဉ်က အတွေ့အကြုံလေးတွေမျှဝေပေးချင်ပါတယ်...

အသက်တွေကြီးလာတာနဲ့အမျှ အလုပ်တွေရှုပ်ရင်း အချိန်တွေနည်းလာတာနဲ့အတူ အခုလိုcamping lifeမျိုးဆိုတာ နောင်တစ်ချိန်မှာထွက်ဖြစ်မထွက်ဖြစ်မသေချာတော့ ငယ်တုန်းအရွယ်မှာ တစ်ကြိမ်တစ်ခါလောက် ဘော်ဒါတွေနှင့် အတူTry ကြည့်သင့်ပါတယ်

အရင်ပိုစ်  သီပေါမြို့ကိုသွားလည်ရင်းကနေ အနီးအနားမှာ ဘာတွေရှိလဲလေ့လာရင်း နောင်ချို(တိမ်ပင်လယ်) ဆိုတာကို စိတ်ဝင်စားမိသွားတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက နောင်ချိုမြို့က သမိုင်းကြောင်းတွေဘာတွေနဲ့ မဟုတ်ဘဲ ဆောင်းဦးကာလမှာ နောင်ချိုမြို့အနီးက မြစ်ကနေ ရေငွေ့တွေ မနက်ခင်းအစောပိုင်းမှာ တိမ်တွေအဖြစ်စုဖွဲ့ရင်း နောင်ချိုအနီးကတောင်တစ်ခုမှာ မြင်ရတဲ့ တိမ်ပင်လယ်လိုဖြစ်နေတဲ့ viewလေးကိုလာကြည့်ကြတဲ့ သူတွေများလာတာနဲ့ resortတစ်ခုအဖြစ်နံမည်ကြီးလာတဲ့နေရာလေးပါ။ ချင်းပြည်နယ်ဘက်မှာလဲ တိမ်ပင်လယ်ဖြစ်တဲ့နေရာတွေရှိပါတယ် ချင်းပြည်နယ်က အခုစာရေးနေတဲ့အချိန်က လမ်းပန်းဆက်သွယ်​ရေးအခက်အခဲကြောင့်ရယ် လမ်းကြောင်းလဲ မသင့်တာကြောင့် နောင်ချိုကိုသွားရင်း တိမ်ပင်လယ်ဆိုတာ ဘာလဲသွားကြည့်ဖြစ်ခဲ့ကြတာပါ။ ဒီarticeလေးက ကျွန်တော်တို့ရဲ့ campingနှင့် railway experience လေးတွေကို မျှဝေပေးခြင်းသက်သက်သာဖြစ်ပါတယ်။

သတိပြုရန်၊ဆောင်ရန်၊ရှောင်ရန်

တိမ်ပင်လယ်က ဒေသခံတွေရဲ့အပြောအရ မိုးအကုန် အောက်တိုဘာလအကုန် နိုဝင်ဘာလအစောပိုင်းတွေမှာ သေချာမြင်ရတယ် ပြောပါတယ်။ ဇန်နဝါရီလလောက်ဆို တိမ်ပင်လယ်က သိပ်မထူတော့ဘူးပြောပါတယ်။ အဲ့တာကြောင့် တိမ်ပင်လယ်ကြည့်ဖို့ သွားမယ်ဆိုလျှင် မသွားခင်ဒေသခံ resortလုပ်နေတဲ့ သူတွေဆီ ကြိုတင်ပြီး ဖုန်းလေးတစ်ချက်ဆက်မေးပြီးမှသွားသင့်ပါတယ်။ ၀၉၄၀၀၁၆၃၀၃၆၃ (တိမ်ပင်လယ်ဦးထွန်းရွှေ)ဆီဖုန်းဆက်ပြီးမေးလို့ရပါတယ်။ အစစအရာရာလဲကူညီပေးပါတယ်။ တိမ်ပင်လယ်မမြင်ရလဲ campingလုပ်ချင်တယ်ဆိုသူတွေအတွက်လဲ မြို့ပြနဲ့အရမ်းမဝေးဘဲ မြို့ပြမွန်းကြပ်မှုတွေကနေ စတေးရှောင်မယ်ဆိုလိုအဆင်ပြေပါတယ်။

ဒီနေရာမှာတစ်ခုပြောလိုတာက ဖုန်းအားသွင်းဖို့ power bankတို့ စားစရာသောက်စရာတို့ စီစဉ်သွားဖို့ အကြံပေးလိုပါတယ်။ MPTဖုန်းလိုင်းကောင်းကောင်းမိပါတယ်။ အနည်းငယ်တော့ သည်းခံရပါလိမ့်မယ်။ ရခဲ့တဲ့ experienceတွေက တကယ်ကို ဘာနဲ့မှမလဲနိုင်ပါဘူး။ သဘာဝတရားကြီးရဲအလှတွေကို တန်ဖိုးထားတဲ့အနေနှင့် အမှိုက်များကို စနစ်တကျပစ်ပေးဖို့လဲ မေတ္တာရပ်ခံလိုပါတယ်။

 

ဆိုတော့ ဘယ်လိုသွားကြမလဲ....

အဲ့တာနဲ့ ကိုယ်တွေနှစ်ယောက်သား သီပေါကနေ မနက်စာစားရင်း မနက် ၈နာရီလောက်မှာတိုင်ပင်ဖြစ်ကြတယ်ပေါ့။ ဆိုတော့ ၂ယောက်သား မရရတဲ့အချိန်လေးမှာ ခရီးထွက်လာကြတာဆိုတော့ မဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီး ဘယ်လိုသွားရင်ကောင်းမလဲတိုင်ပင်ရာကနေ နောင်ချိုကိုသွားရင် လိုင်းကားအသေး(သီပေါအသွားတုန်းကလိုကားမျိုး)နှင့်(သို့) သီပေါဘူတာမှမြန်မာ့မီးရထားနှင့်သွာလို့ရတယ်ဆိုတော့ ရထားမစီးရတာကြာနေပြီဖြစ်တဲ့ကိုယ်တွေ၂ယောက်သား ကမ္ဘာကျော် goteik viaduct ကိုလဲလေ့လာရင်း ရှုခင်းတွေလဲကြည့်ရင်းဆိုပြီး မြန်မာ့မီးရထားကိုရွေးဖြစ်ခဲ့ကြတယ်။ သီပေါကနေ ရထားက တစ်စီးဘဲရှိပါတယ် တစ်ကယ့်ကို တက်သုတ်ရိုက်ပါဘဲ။ ဟိုတယ်ကို စုံစမ်းတော့ ရထားက ၉နာရီခွဲဆိုစထွက်တယ်ဆိုတာနဲ့ချက်ချင်းအထုပ်အပိုးပြင် check out လုပ် ဟိုတယ်ကနေ ၃ဘီးဆိုင်ကယ်ငှါး ဘူတာကို ၉နာရီ ခွဲအမှီပြေးရပါတယ်။ ရောက်တယ်ဆိုတာနဲ့ မှီရုံလေးပါဘဲ။ ဘူတာရောက်တော့ လက်မှတ်ရုံမှာ လက်မှတ်ဖြတ်ပါတယ် အထူးတန်းခုံတွေကဝယ်မရတော့ဘဲ ရိုးရိုးတန်းခုံတွေဘဲရပါတော့တယ်။ ရိုးရိုးတန်းခုံတွေက အရမ်းတန်ပါတယ် တစ်ခုံမှ မြန်မာကျပ်ငွေ ရာဂဏန်းသာရှိပါတယ်။ ကိုယ်တွေအတွဲလဲ ရိုးရိုးတန်းခုံ ကို လွတ်လွတ်လပ်လပ်နေချင်တာနဲ့ ၂ခုံတွဲယူလိုက်ပါတယ်။ အဲ့တုန်းက မီးရထားလက်မှတ်ရုံက ဦးလေးကြီးတွေကိုဆိုတကယ်အားနာလိုက်တာဆိုတာ သူတို့ခမျာလဲ ချက်ချင်းဖုန်းလှမ်းဆက် ကူညီပေးကြပါတယ်။ အဲ့ဒီမှာ မြန်မာလူမျိုးတွေရဲ့ ကူညီရိုင်းပင်းစိတ်ကိုတွေ့ရတာပါဘဲ။ မြန်မာ့မီးရထားမှာ foreignerတွေအများကြီး လိုက်ပါစီးနှင်းကြတာကိုလဲတွေ့ခဲ့ရပါတယ်။ လမ်းခရီးမှာလဲ ဒေသခံအထမ်းသည်လေးတွေက စားစရာတွေလှည့်လည်ရောင်းတာလေးတွေ ဝယ်စားကြည့်သင့်ပါတယ်။ လမ်းခရီးတစ်လျှောက် ရှမ်းပြည်နယ်ရဲ့ သဘာဝတောတောင်အလှတွေကို ခံစားရင်း မြို့ပြရဲ့မွန်းကြပ်မှုတွေကို ခဏမေ့ဖျောက်ထားခဲ့နိုင်ပါတယ်။

5941954875?profile=RESIZE_400x

5941983272?profile=RESIZE_400x

5941998493?profile=RESIZE_400x

5942006266?profile=RESIZE_400x

 

 

 

 

 

 

 

 

 

 

 

 

 

 

ကမ္ဘာကျော် ဂုတ်ထိပ်ရထားလမ်းကနေ လှမ်းမြင်ရတဲ့ ချောက်ကြီးက တကယ်ကို ရင်သပ်ရှူမောစရာကောင်လွန်းပါတယ်။ ကိုလိုနီခေတ်က နည်းပညာမြင့်မားမှုကိုလဲတွေ့နိုင်ပါတယ်။

ဟော ဂုတ်ထိပ်တံတားကြီးကိုတောင်လှမ်းမြင်နေရပါပြီ။

5942070092?profile=RESIZE_584x

5941886852?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂုတ်ထိပ်တံတားကိုအရင်တုန်းက လမ်းလျှောက်ပြီးသွာလို့ရပါတယ်။ အခုကျတော့ လူတွေရဲ့စည်းကမ်းမဲ့မှုကြောင့် ပိတ်လိုက်ပါပြီတဲ့။

ကဲဒီလိုနဲ့ နောင်ချိုဘူတာကိုရောက်ခဲ့ကြပါပြီ။ ဟိုရောက်တော့ တိမ်ပင်လယ်ဦးထွန်းရွှေနဲ့ချိတ်ပြီး ဦးထွန်းရွှေရဲ့ သားမက်နှင့်သား၂ယောက် ဆိုင်ကယ်နှင့် လာကြိုပေးပါတယ်။ နောင်ချိုမြို့ကနေ တိမ်ပင်လယ်ကိုတက်ဖို့ ဦးထွန်းရွှေတို့အိမ်မှာ ခဏနားပါတယ်။ လိုအပ်တာတွေအကုန် ကူညီပေးကြပါတယ်။ ခဏနားပြီး လိုအပ်တာတွေဝယ်ပြီး ဆိုင်ကယ်နှင့်တက်ကြပါတယ်။ လမ်းခရီးကအရမ်းလဲကြမ်းပါတယ် တောင်ပေါ်တက်တဲ့လမ်းက မတ်လဲမတ်ပြီး စိတ်လှုပ်ရှားစရာလဲကောင်းပါတယ်။ ကိုယ်တွေကတော့တောင်ပေါ်လဲရောက်ရော ဖုန်တထောင်းထောင်းနှင့်ပါဘဲ။(wet tissueတွေဆောင်သွားကြပါလို့)

ကိုယ်တွေရောက်သွားတဲ့အချိန်က ခရီးသွားတွေအလာနည်းတဲ့အချိန်ဆိုတော့ ကိုယ်တွေဘဲရှိပါတယ် ရောက်တော့Tentတွေ မထိုးရသေးလို့ အန်ကယ်ဦးထွန်းရွှေကို ကူညီရင်း campingထိုးရတဲ့ အတွေ့အကြုံလေးလဲရလိုက်ပါသေးတယ်

5944864267?profile=RESIZE_710x

5944715880?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

5944767272?profile=RESIZE_584x

5944701887?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

tentတွေထိုးပြီးတော့ အနီးအနားပတ်ကြည့်ရင်း ချောက်ကမ်းပါးယံပေါ်မှာ ဆင်ထားတဲ့ကြိုးဒါန်းလေးတွေ viewကြည့်တဲ့ လင့်စင်တွေနှင့်ပြင်ဆင်ထားတာတွေ့ရပါတယ်။ အသည်းငယ်တတ်သူတွေ အဲ့ဒါန်းကို မစီးကြပါနဲ့လို့ ကြိုပြောထားပါရစေ။ အောက်ကချောက်ကြီးကိုမြင်နေရပြီ ဒါန်းကိုလွှဲစီးရတာကတော်တော်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ မကြောက်တတ်သူတွေကတော့ tryကို Tryသင့်တာပါ။

5944966056?profile=RESIZE_584x

5944992485?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

အဲ့ဒီနောက် အနည်းငယ်မှောင်လာလို့ tentဆီပြန်သွားပါတယ်။ camping လုပ်မယ့်သူတွေကို တစ်ခုအကြံပေးလိုတာက အနွေးထည်တွေယူသွားပါ။ တောင်ပေါ်လဲဖြစ် ရှမ်းပြည်လဲဖြစ်တော့ ဖေဖော်ဝါရီလလိုမျိုးတောင် တော်တော်ကိုအေးပါတယ်။ ဦးထွန်းရွှေတို့ကတော့ ဂွမ်းကပ်စောင်အထူတွေtentထဲ ထည့်ပေးထားပါတယ်။ နောက်ပြီးထင်းမီးဖိုလေးတော့ဖိုဖို့အကြံပေးလိုပါတယ် အသင်ပိုင်းပီးသား ထင်းချောင်းတွေ ဦးထွန်းရွှေတို့ဆီက ဝယ်လဲရပါတယ်။ သောက်တတ်သူများလဲ နောင်ချိုမြို့ထဲက convinence storeလေးကနေ ဝယ်သွားကြပါလို့။ ထင်းမီးကိုဖိုပြီး campနေရတာ တကယ့်အမှတ်တရပါဘဲ။ အဖွဲ့လိုက်လာတဲ့သူတွေဆို ကြက်သားတွေဘာတွေ ဝယ်ပြီး ကြက်သံပုံကင်လုပ်စားကြတယ်လို့ပြောပါတယ်။ အတော်ကို ပျော်ဖို့ကောင်းမှာပါ။ ညဘက်ကို မြို့ပြရဲ့အလင်းရောင်တွေရဲ့ အဝေးမှာ တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ရတာ ငယ်ဘဝကို ပြန်ရောက်သွားသလိုပါဘဲ။

5945448694?profile=RESIZE_584x

5945462694?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

5945478085?profile=RESIZE_584x

5945490685?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

မနက်ရောက်တဲ့အခါကျတော့ တိမ်ပင်လယ်တွေ့ရမလားဆိုပြီး အစောကြီး ထကြည့်ကြပါတယ်။ ကံဆိုးစွာနဲ့ တိမ်ပင်လယ်ကို မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ ဘဝမှာ ရခဲလှတဲ့ camping experienceလေးတော့ ရခဲ့လိုက်ပါတယ်။ မနက်ခင်းလင်းတော့ တောင်စွယ်တွေကထွက်လာတဲ့ sun riseအလှကလဲ မြို့ပြမှာ မြင်ရခဲပါတယ်။

5945590469?profile=RESIZE_584x5945608291?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

 

5945651060?profile=RESIZE_584x

5945675099?profile=RESIZE_584x

 

 

 

 

 

 

 

 

 

 

ဝါးနှင့်လုပ်ထားတဲ့ခွက်လေးတွေ ပန်းကန်လေးတွေက တကယ့်ကို သဘာဝဆန်လွန်းပါတယ်။ မနက်လင်းတဲ့အချိန်မှာ ညကဖိုထားခဲ့တဲ့ မီးဖိုက အပူငွေ့ငွေ့လေးကို လှုံ့ရင်း ဝါးခွက်ထဲက ထမင်းပူပူလေးရယ် စားရတာ တကယ့်ကို မတူညီတဲ့ဓလေ့တွေကို ခံစားမိစေပါတယ်။ အဲ့ဒီနောက် စားသောက်ကြပြီး တောင်အောက် ပြန်ဆင်းခဲ့ကြပါတယ်။ လိုက်ပို့တဲ့ ညီအစ်ကိုတွေပြောတာတော့ လျှိုထဲမှာ ကျောက်စက်ပန်းဆွဲတွေနဲ့ အရမ်းလှတဲ့ ဂူကြီးရှိတယ်ပြောပါတယ်။ ကျွန်တော်တို့တော့ အချိန်မရလို့ မသွား ဖြစ်တော့ပါ။ အပြန်လမ်းခရီးမှာ နောင်လုံတောင်ဘေးက ရေကန်ရှိတဲ့လမ်းကဖြတ်ပြန်ခဲ့ပါတယ်။ အဲ့ရေကန်ဘေးမှာလဲ ဓာတ်ပုံလေးတွေ ရိုက်ကြဖို့ အကြံပေးလိုပါတယ် တကယ်ကို ရှုခင်းတွေကလှပါတယ်။

5945794676?profile=RESIZE_710x

 

သဘာဝတရားကြီးက လူတွေမဖျက်စီးရင် အရမ်းလှတယ်ဟုတ်? တောင်အောက်ရောက်တော့ expressလက်မှတ်ဖြတ်ပြီး ဦးထွန်းရွှေတို့ အိမ်မှာခဏနားပါတယ်။ အော် နောင်ချိုမြို့မှာ expressကားဂိတ်ဆို eliteတစ်ခုဘဲရှိပါတယ်။ ပြီးတာနဲ့ နောင်ချိုစျေးကို ပတ်ကြည့်ပြီး ဒေသထွက်အစားအစာတွေ tryကြည့်ခဲ့ပါတယ်။ အရမ်းလဲတန်ပါတယ်။ ရှမ်းပြည်ရောက်တုန်းလေး ဒေသထွက်အစားအစာတွေစားကြည့်ကြပါ။

 

5945949275?profile=RESIZE_400x

5945925664?profile=RESIZE_400x

5945908857?profile=RESIZE_400x

 

 

 

 

 

 

 

ကဲ နောင်ချိုမြို့ကို campingထွက်ဖြစ်ခဲ့ကြတဲ့ အတွေ့အကြုံလေးတွေကတော့ ဒီလောက်ဘဲနော်။ နောက်လဲ တစ်ခြား စိတ်ဝင်စားစရာ ခရီးစဉ်မှတ်တမ်းတွေ အကြောင်းအရာလေးတွေ ဝေမျှပေးသွားဦးမယ်နော်။ Facebook Page လေးနဲ့ Youtube Channel လေးကို follow and subscribe ဖို့ မမေ့နဲ့ဦးနော်။

နောက်post တွေမှာ ပြန်တွေ့ကြမယ်နော်...

See ya all...

 

 

 

Votes: 0
E-mail me when people leave their comments –

You need to be a member of Myanmar Travel Network to add comments!

Join Myanmar Travel Network